လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Saturday, January 10, 2009

ကြေကွဲမှု...

လမ်းပေါ်မှာလမ်းလျှောက်နေတဲ့ကျွန်တော်......

လှေကားထစ်တွေပေါ်ကချစ်သူကို

ဒဏ္ဍာရီလိုလို ဖတ်လိုက်ရတယ်...

တစ်ရံရောအခါကလို့စခဲ့ပေမဲ့

ဒီနေ့အထိရင်ကိုငြိတွယ်နိုင်ဆဲပါ

ဒါပေမဲ့ကွယ်.......

ချစ်သူရဲ့မျက်တောင်တစ်ချက်အခတ်မှာတင်

ဒဏ္ဍာရီပေါင်းများစွာ

မှေးမှိန်ပျောက်ကွယ်ရအုံးမှာပါ.

အဲဒီလိုနဲ့ပေါ့..........။

ချစ်သူပါဝင်လာတဲ့

ကျွန်တော်ရဲ့အညတရနေ့ရက်တွေ

သက်တမ်းကုန်တော့မဲ့ဆောင်းလို

တုန်ရီဖျော့တော့စွာနိုးထလာကြတယ်..

သူ့မျက်နှာလေးကို

ကျွန်တော်အမြဲမြင်ချင်တယ်

သူ့စကားသံလေးကို

ကျွန်တော်အမြဲကြားချင်တယ်

သူ့ကိုချစ်မြတ်ရဲရင့်သူအနေနဲ့

သူ့သမိုင်းမှာပါဝင်ချင်တယ်

သူ့အပြုံးတွေအောက်မှာ

ကျွန်တော်နှလုံးသားစတေးထားတာပေါ့

နောင်ခေတ်အဆက်ဆက်မှာ

လူတွေကမ္ဘာမြေကိုပြန်တူးဖော်တဲ့အခါ

ကျွန်တော်နှလုံးသားဟာ

သူ့အကြောင်းတွေမှတ်တမ်းတင်ထားတဲ့

ခရမ်းပြာရောင်ကျောက်စာတစ်ချပ်

ဖြစ်ချင်တယ်....။

ချစ်သူရေ

ငါ့ရဲ့ လက်ဖ၀ါး ခြေဖ၀ါး

ပြီးတော့နှလုံးသား

အားလုံးကိုတီးခေါက်ကြည့်

မင်းအတွက်သံစဉ်လှလှလေးတွေထွက်မထွက်.

ချစ်သူ....

လောဘကြီးတယ်ပြောပြောပေါ့...

ငါပေးလိုက်သမျှ

ငါပြန်ရချင်တာ

ငါမမှားဘူးချစ်သူ....။

2 comments:

Anonymous said...

မှန်ကန်တဲ့ အချစ် တွေဆိုရင် ပြန်ရမှာ သေချာပါတယ်.။ မမှား ပါဘူး ခင်ဗျား...။

မြတ်သွယ် said...

ကြေကွဲမှုသံစဉ်တွေကတော့ လှတယ်
လာရောက် ခံစားသွားပါတယ်
ပေးလိုက်သမျှ ပြန်ရချင်တာ မမှားပါဘူး
ပြန်ရပါစေ :)

Html Free Code