လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Tuesday, January 13, 2009

သူကအလွမ်းမိုး..ကျွန်တော်က အလွမ်းသစ်ပင်


မင်းမရှိတဲ့နေ့တွေဆိုရင်..
ကောင်းကင်ကြီးကိုကြည့်ပြီးတော့လွမ်းတယ်...
မင်းမရှိတဲ့ညတွေဆိုရင်..
ကြယ်တွေကို ရေတွက်ရင်းလွမ်းတယ်..
မင်းမရှိတဲ့အချိန်တွေဆိုရင်.
နာရီလက်တံတွေကို..ကြည့်ပြီးလွမ်းတယ်.
မင်းမရှိတဲ့ရက်တွေဆိုရင်..
ပြက္ခဒိန်တွေသာ..ရေတွက်ရတော့မှာပေါ့..
ဘယ်လိုပဲနေနေ..လွမ်းတာက
လွမ်းတာပါပဲ.
ဟူး...
နှလုံးသားသည်..ချစ်သူအားလွမ်းနေသည်ဟူသော.
ဝေါဟာရကို..ဦးနှောက်ထံသို့ အသက်ရှူတိုင်း
နှိုးဆော်သည်.
ညာလက်ချောင်းကလေးများကလည်း.
ချစ်သူသိလိမ့်မည်.မဟုတ်သည့်
စာမျက်နှာတစ်ခုတွင် ချစ်သူအကြောင်းများကို.
သီကုံးနေတုန်းပင်ဖြစ်သည်.
နှလုံးသားကွန်ယက်က တစ်ဆင့်.
ချစ်သူသိနိုင်ပါစေ...
ပေးဖတ်ဖို့တော့ မရည်ရွယ်ထားဘူး.
ရင်ဘတ်က ထွက်လာတာတွေကို.
ဟော့ဒီ ဘလော့ထောင်ချောက်နဲ့.
သိမ်းကျုံး ဆွဲစိလိုက်တာ..

ဖတ်သမျှထဲမှ မှတ်မိသလောက်..ဖမ်းယူဆုပ်ကိုင်သည်။

4 comments:

Anonymous said...

လွမ်းပါ.. ဆက်ပြီးသာ မရပ်မနားလွမ်းပါ....

မှတ်မိသလောက် ဖမ်းယူဆုပ်ကိုင် ထားတာတွေကို သိမ်းကြုံး ဖတ်သွားပါတယ်..

မမသီရိ said...

ကဗျာတွေ လာဖတ်သွား တယ်...
ချစ်သူထံပေးစာလေး ပို ကြိုက်တယ်..

Anonymous said...

အဲဒီအလွမ်းသစ်ပင်ကြီးက နာဂစ်တုန်းက လဲ
သွားပြီထင်နေတာဗှ ဟီ
မိုက်တယ်ဗျ ကဗျာလေး

မီးတောက် said...

လွမ်းလှ ချည်လား ကိုတုတ် ..
ကဗျာလေးက ခံစားရတယ်နော် ..
ဆက်လက်ရေးးသားနိုင်ပါစေ

Html Free Code