လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Saturday, January 10, 2009

ကြေကွဲမှု...

လမ်းပေါ်မှာလမ်းလျှောက်နေတဲ့ကျွန်တော်......

လှေကားထစ်တွေပေါ်ကချစ်သူကို

ဒဏ္ဍာရီလိုလို ဖတ်လိုက်ရတယ်...

တစ်ရံရောအခါကလို့စခဲ့ပေမဲ့

ဒီနေ့အထိရင်ကိုငြိတွယ်နိုင်ဆဲပါ

ဒါပေမဲ့ကွယ်.......

ချစ်သူရဲ့မျက်တောင်တစ်ချက်အခတ်မှာတင်

ဒဏ္ဍာရီပေါင်းများစွာ

မှေးမှိန်ပျောက်ကွယ်ရအုံးမှာပါ.

အဲဒီလိုနဲ့ပေါ့..........။

ချစ်သူပါဝင်လာတဲ့

ကျွန်တော်ရဲ့အညတရနေ့ရက်တွေ

သက်တမ်းကုန်တော့မဲ့ဆောင်းလို

တုန်ရီဖျော့တော့စွာနိုးထလာကြတယ်..

သူ့မျက်နှာလေးကို

ကျွန်တော်အမြဲမြင်ချင်တယ်

သူ့စကားသံလေးကို

ကျွန်တော်အမြဲကြားချင်တယ်

သူ့ကိုချစ်မြတ်ရဲရင့်သူအနေနဲ့

သူ့သမိုင်းမှာပါဝင်ချင်တယ်

သူ့အပြုံးတွေအောက်မှာ

ကျွန်တော်နှလုံးသားစတေးထားတာပေါ့

နောင်ခေတ်အဆက်ဆက်မှာ

လူတွေကမ္ဘာမြေကိုပြန်တူးဖော်တဲ့အခါ

ကျွန်တော်နှလုံးသားဟာ

သူ့အကြောင်းတွေမှတ်တမ်းတင်ထားတဲ့

ခရမ်းပြာရောင်ကျောက်စာတစ်ချပ်

ဖြစ်ချင်တယ်....။

ချစ်သူရေ

ငါ့ရဲ့ လက်ဖ၀ါး ခြေဖ၀ါး

ပြီးတော့နှလုံးသား

အားလုံးကိုတီးခေါက်ကြည့်

မင်းအတွက်သံစဉ်လှလှလေးတွေထွက်မထွက်.

ချစ်သူ....

လောဘကြီးတယ်ပြောပြောပေါ့...

ငါပေးလိုက်သမျှ

ငါပြန်ရချင်တာ

ငါမမှားဘူးချစ်သူ....။

What is အချစ် ?


မှောင်ရီဝိုးတစ်ဝါး နေညိုချိန်တိုင်းမှာ..

နင်ရှိမဲ့အရပ်မှာ ငါ့သက်ပြင်းတွေ

ငွေ့ရည်ဖွဲ့ ကြတယ်.

ပန်းနုရောင်မျက်နှာအတွက်.

ငါနဲ့ဆုံဆည်းခြင်းဟာ ဘယ်နေ့လဲဟာ.

တစ်ကယ်ပဲအစိမ်းရင့်ရောင်ရာသီတွေမှာ.

နှလုံးသားကိုပုပ်သိုးစေခဲ့တာလား..

မျှော်လင့်ခြင်းတွေအတွက်တော့.

တိုက်ဆိုင်မှု့တွေကို အိမ်မက်အဖြစ်ပဲ.

ငါမှတ်သားခဲ့ပါ့မယ်.....

ရန်သူမဟုတ်ပေမဲ့

အနာကျင်ဆုံးထိုးနှက်ခဲ့သူကိုမှ

တမ်းတနေခြင်းဟာ

ငါသမုတ်ပါရစေ

"အချစ်ပဲဖြစ်တယ် "

အာရုံ..

သစ်ပင်မဟုတ်ဘူး....

ဒါပေမဲ့....

စိမ်းလန်းရှင်သန်နေရမယ်...

ပန်းပွင့်မဟုတ်ဘူး...

ဒါပေမဲ့...

ပွင့်လန်းဝေဆာနေရမယ်......

နံနက်ခင်းတွေတိုင်းကို...

ငါကြယ်တစ်စင်း နဲ့ပဲဖြစ်ဖြစ်....

အလင်းဆက်ခွင့်ရှိတယ်....

ရည်ရွယ်သူ..သို့


ကြီးကျယ်မြင့်မြတ်ခြင်းလှေကားရင်းမှာထိုင်ပြီး.

ကောင်းကင်ကိုမော့ကြည့်ရမဲ့အရွယ်တွေ

မဟုတ်ကြတော့.....

ရင်ခုန်သံကိုအိပ်စက်ခိုင်းကြိုးစားနေသလား..?

သတ္တိမဲ့ခဲ့မိတဲ့ ငါ့ကိုတော့

စကြာဝဠာ အပြင်ထိ ဆွဲမထုတ်လိုက်ပါနဲ့

ဖြစ်နိုင်ရင်...

နှလုံးသားထဲအထိ..အရောက်လာချင်တယ်..

လွမ်းနေဆဲ

ကြာတော့ကြာပါပြီ

ဒါပေမဲ့ရင်ကိုငြိတွယ်နိုင်ဆဲပါ..

ခံစားချက်ဆိုတာ..မျက်ရည်ကျပြရသလား ချစ်သူ

မျက်လုံးတွေ မှိတ်ထားလျက်ကမျက်ရည်တွေကိုငါမြင်တယ်

ဘယ်သူ့မျက်ရည်ဖြစ်မလဲ မိန်းကလေးရယ်.

နားစည်တွေ ဆို့တစ်ဆွံ့အသွားအောင် ပိတ်ထားလျက်က

ရှိုက်သံတွေကိုငါကြားတယ်.

ဘယ်သူငိုကြွေးနေမလဲ ချစ်သူ.

မိန်းကလေးရယ်

ငါ့တိတ်တစ်ဆိတ်လွမ်းဆွတ်ခြင်းကို မင်းမ၀င်ရောက်သင့်ဘူး.

မင်းကိုချစ်နေဆဲဆိုတာကိုတော့

ရင်ဘတ်အနာခံပြီးမပြောတော့ပါဘူး.

သစ်စိမ်းချိုးခံလိုက်ရတဲ့အခါ.

သစ်ပင်ကြီးကြိတ်မှိတ်နာကျင်ခဲ့ပါသလား.

သစ်ရွက်တွေကြွေတာကိုတော့

သစ်ပင်ကြီးဒီအတိုင်းရပ်ကြည့်နေခဲ့ရတာပါပဲ.

အလွမ်းဆိုတာ.."ချိုသလား..ခါးသလား "

အဘိဓါန်ထဲမှာတောင်..သတ်ပုံတွေမပြည့်စုံလိုက်တာ..

တော်ပြီကွာ...

တိတ်တိတ်ဆိတ်ဆိတ်ပဲ..ပြောတော့မယ်..

" သိပ်လွမ်းတယ်"

တစ်ချိန်က..

ချစ်သူက

လမင်းကျွန်းကလေးဆိုရင်ပေါ့..

ကောင်းကင်ပင်လယ်ထဲမှာ စီးမျှောနေရှာတဲ့

ဥက္ကာမှုန်လေးတစ်စဟာ ကျွန်တော်ပါ..

ဆုံဆည်းဖို့ရာမလွယ်ပါဘူး.

ဆုံဆည်းလိုက်တယ်...

ရဲခနဲ မီးလောင်ပြာကျသွားရမှာ ကျွန်တော်ပါ..

အဲဒါတောင် ဒီကောင်ကဆုံချင်နေတာလေ.

ရနိုင်မယ်ဆိုရင်လေ..မျက်နှာကိုလက်ဖ၀ါးနဲ့အုပ်ပြီး...

လက်ချောင်းလေးတွေကြားကပဲ......ကြည့်နေချင်တယ်.

ဘ၀ကိုခဏခဏထုတ်ပြနေရတာမောလို့..

ကမ်းကိုခွာသွားတဲ့ ....လှေကလေး.

အဝေးဆုံးရောက်အောင်သွားနိုင်ပါစေ....

ကျွန်တော်ကတော့..

မျှော်လင့်ချက်တွေတွယ်ဖက်လို့

ဒီကမ်းစပ်ကပဲ......ရပ်ကြည့်ကျန်ခဲ့တယ်..
Html Free Code