ဒါပေမဲ့ရင်ကိုငြိတွယ်နိုင်ဆဲပါ..
ခံစားချက်ဆိုတာ..မျက်ရည်ကျပြရသလား ချစ်သူ
မျက်လုံးတွေ မှိတ်ထားလျက်ကမျက်ရည်တွေကိုငါမြင်တယ်
ဘယ်သူ့မျက်ရည်ဖြစ်မလဲ မိန်းကလေးရယ်.
နားစည်တွေ ဆို့တစ်ဆွံ့အသွားအောင် ပိတ်ထားလျက်က
ရှိုက်သံတွေကိုငါကြားတယ်.
ဘယ်သူငိုကြွေးနေမလဲ ချစ်သူ.
မိန်းကလေးရယ်
ငါ့တိတ်တစ်ဆိတ်လွမ်းဆွတ်ခြင်းကို မင်းမ၀င်ရောက်သင့်ဘူး.
မင်းကိုချစ်နေဆဲဆိုတာကိုတော့
ရင်ဘတ်အနာခံပြီးမပြောတော့ပါဘူး.
သစ်စိမ်းချိုးခံလိုက်ရတဲ့အခါ.
သစ်ပင်ကြီးကြိတ်မှိတ်နာကျင်ခဲ့ပါသလား.
သစ်ရွက်တွေကြွေတာကိုတော့
သစ်ပင်ကြီးဒီအတိုင်းရပ်ကြည့်နေခဲ့ရတာပါပဲ.
အလွမ်းဆိုတာ.."ချိုသလား..ခါးသလား "
အဘိဓါန်ထဲမှာတောင်..သတ်ပုံတွေမပြည့်စုံလိုက်တာ..
တော်ပြီကွာ...
တိတ်တိတ်ဆိတ်ဆိတ်ပဲ..ပြောတော့မယ်..
2 comments:
ကိုတုတ်ကြီး အရမ်းလွမ်းတတ်တာပဲနော် ဟိုနေ့ကလည်း အလွမ်း
ဒီနေ့လည်းလွမ်းတုံးပဲ (စတာနော် )
ခံစားချက်ဆိုတာ..မျက်ရည်ကျပြရသလား ချစ်သူ
မျက်လုံးတွေ မှိတ်ထားလျက်ကမျက်ရည်တွေကိုငါမြင်တယ်
ဘယ်သူ့မျက်ရည်ဖြစ်မလဲ မိန်းကလေးရယ်.<-- ကောင်းလိုက်တာဟယ်..... စာသားလေး
Post a Comment