
မှောင်ရီဝိုးတစ်ဝါး နေညိုချိန်တိုင်းမှာ..
နင်ရှိမဲ့အရပ်မှာ ငါ့သက်ပြင်းတွေ
ငွေ့ရည်ဖွဲ့ ကြတယ်.
ပန်းနုရောင်မျက်နှာအတွက်.
ငါနဲ့ဆုံဆည်းခြင်းဟာ ဘယ်နေ့လဲဟာ.
တစ်ကယ်ပဲအစိမ်းရင့်ရောင်ရာသီတွေမှာ.
နှလုံးသားကိုပုပ်သိုးစေခဲ့တာလား..
မျှော်လင့်ခြင်းတွေအတွက်တော့.
တိုက်ဆိုင်မှု့တွေကို အိမ်မက်အဖြစ်ပဲ.
ငါမှတ်သားခဲ့ပါ့မယ်.....
ရန်သူမဟုတ်ပေမဲ့
အနာကျင်ဆုံးထိုးနှက်ခဲ့သူကိုမှ
တမ်းတနေခြင်းဟာ
ငါသမုတ်ပါရစေ
No comments:
Post a Comment