လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Tuesday, December 21, 2010

ကျန်ရစ်ခဲ့သောအမှိုက်


ချစ်သူက

လမင်းကျွန်းကလေးဆိုရင်ပေါ့..

ကောင်းကင်ပင်လယ်ထဲမှာ စီးမျှောနေရှာတဲ့

ဥက္ကာမှုန်လေးတစ်စဟာ ကျွန်တော်ပါ..

ဆုံဆည်းဖို့ရာမလွယ်ပါဘူး.

ဆုံဆည်းလိုက်တယ်...

ရဲခနဲ မီးလောင်ပြာကျသွားရမှာ ကျွန်တော်ပါ..

အဲဒါတောင် ဒီကောင်ကဆုံချင်နေတာလေ.

ရနိုင်မယ်ဆိုရင်လေ..မျက်နှာကိုလက်ဖ၀ါးနဲ့အုပ်ပြီး...

လက်ချောင်းလေးတွေကြားကပဲ......ကြည့်နေချင်တယ်.

ဘ၀ကိုခဏခဏထုတ်ပြနေရတာမောလို့..

ကမ်းကိုခွာသွားတဲ့ ....လှေကလေး.

အဝေးဆုံးရောက်အောင်သွားနိုင်ပါစေ....

ကျွန်တော်ကတော့..

မျှော်လင့်ချက်တွေတွယ်ဖက်လို့

ဒီကမ်းစပ်ကပဲ......ရပ်ကြည့်ကျန်ခဲ့တယ်..

Tuesday, May 11, 2010

အရည်ထူ အချစ်

ဆုံမှတ်မှာ ပုံပျက်သွားတဲ့
အပိုင်းအစတွေ မီးခွက်ထွန်း
ရှာနေတုန်း..
မနေ့ကတွေးထင်ခဲ့သမျှ
တက်တက်စင်အောင်လွဲခဲ့ပြီးပြီ...
အဆင်ပြေမှုဆိုတာ
ထောင်ချောက်ဆင်ဖမ်းကာမှ
အစအနတောင်ပျောက်သွားပြီ...
သတင်းပလင်းကလည်း
လေထဲမှာမသေဘူး
နားအုံနဲ့ နပန်းလုံးပြီးမှ
အားရကျေနပ်သွားတာကိုး...
အလစ်မှာ ခေါက်ခေါက်ခံရလို့
ဦးခေါင်းက အရည်ထူပြီးသား
"မီးမီး" ခေါင်းတော့ မသိဘူး
မာတဲ့ခေါင်းနဲ့ ဆက်လက်ချစ်မိုးဆွေနေတုန်း...
တုပ်ကွေးမိသူပြောသွားတာက-
"ဝေးဝေးမှာနေပါရှင်....."

Thursday, January 7, 2010

ဒီဇင်ဘာလုံးချင်း


ဆောင်းအငွေ့အသက်ကို

တိုးတိုးကလေးပုံဖော်ရင်း

ရှေ့ပြေးနိမိတ်တွေဆာလောင်ခဲ့ဖူးတယ်

နှင်းစိုတဲ့ ရွက်ခြေက်တွေကြား

ချစ်သူကိုလိုက်ဖမ်းရတာ

အိမ်မက်တွေထဲပန်းတိုင်ပျောက်ခြင်းပေါ့

ရုတ်တရက်ကြားနာမိရင်တောင်

ဝေးဝေးကလှမ်းကြည့်ရုံပဲ

ဆုံမှတ်ကိုခွာလိုက်ရင်နဲ့

ခလုတ်တိုက်မှသတိဝင်ခဲ့တယ်

အလှဆုံးပွင့်ပြီးသွားရင်တော့

ကြွေသွားရမှာပါပဲ

ညတာရှည်တိုင်း

အိမ်မက်ကောင်းမဟုတ်ဘူးပေါ့..

စိတ်ကူးယဉ်တောင်ထိပ်မှာတော့

ဒူးနန့်ပြီးမနေချင်တော့ဘူး

စာမျက်နှာကိုခေါက်

ပိပိရိရိပိတ်

ခြေလှမ်းဖွဖွနင်း

အနိမ့်ဆုံးနေရာက

ခုန်ချခဲ့ပြီဆိုတာ..

အက်ဆစ်ဝိုင်


အချစ်ကြောင့်ရယူခြင်း

ဟန်ဆောင်ယဉ်ကျေးလျက်

မူမပျက်ပဲဖြားယောင်း

ဥုံ..ဖွက် ဟဲ့ အသက်သွင်း

၀၀လင်လင်စားသုံးသူ...။

အမုန်းကြောင့်ရယူခြင်း

ပေးသလောက်ပြန်မရ

ဗျာများလို့ရင်ထုမှိုင်

ကိုင်ဆောင်မှုတွေဖန်တီး

လောဘကြီးလိုက်သူ....။

ပေးဆပ်မှုသာ ထည်ဝါခြင်း

အချစ်ဟုနက်ရှိုင်းလေးနက်မယ်..

'ဟန်သီ' ဘာကိုရွေးမလဲ

အမုန်းကြောင့် ရယူတာက

ပိုခမ်းနားလိမ့်မယ်.......။

အော့နှလုံးနာ



ဘ၀ကတောခြောက်လို့

ကျီးလန့်စာစား

သက္ခာပုသ်တော်.ဆွဲခေါ်နေရတယ်

အမှားတွေတစ်ဖျောဖျောရွာချရင်

နောင်တတွေ လည်ပင်းမြုတ်မှာ

မြင်ယောင်သေး...

တစ်ယောက်မမြဲ တစ်ယောက်တွဲလို့

အသည်းက ရွဲပလဲနေပြီ..

နေ၀င်ချိန်ကိုပါဆယ်ထုပ်

သေဖို့ကလည်းနီးလာပြီ....

ဒီမှတ်တိုင်ရောက်မှ ဆင်းရမယ်ဆို

အရှုံးတွေနဲ့ကျပ်ညှပ်

အိမ်မက်တွေနေရာမရလည်း

ခိုထားအုံးမယ်ကွယ်......။
Html Free Code