လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Thursday, January 15, 2009

ဘ၀ တစ်ကွေ့


"လောကဓံ၏ ရိုက်ခတ်မှုကြောင့်
ငါ၏ဦးခေါင်းသည်..သွေးတို့ဖြင့်
ချင်းချင်းနီ၏..သို့သော်
ညွတ်ကားမညွတ်.."
စိတ်ရဲ့စေစားရာတွေနောက် လိုက်ရင်းလိုက်ရင်း
ဘ၀တွေအကြောင်းရောက်ရောက်သွားတယ်..
ဘ၀တွေနောက်လိုက်ရင်းလိုက်ရင်း..
အချိန်တွေကိုနှမြော လာတယ်
နောင်တရဖို့တောင် အချိန်မမှီတော့ဘူး
သက္ကရာဇ်တွေ ပြန်တွက်တယ်..
အခု ၂၃ ၊နောက် ၂၄
နှစ်တွေအများကြီးကျန်သေးတယ်လို့..
ဘယ်သူပြောသလဲ..?
လူ ဟူသည် မွေးသည်မှ စ
အသေဘက်သို့ ဦးတည်နေသည်..
ဘ၀တွေ..ဘ၀တွေ အကြောင်း အိမ်မက် မက်တယ်.
ကြိုးစားတိုင်း ပန်းတိုင် မရောက်ဖြစ်တာ..
စိတ်ရင်းစေတနာ ကောင်းလျက် မွဲတေနေရတာ
အနစ်နာခံပြီး နစ်သထက်နစ်နေတတ်တာ..
သြော်..အခု
အရည်အချင်းမရှိပဲ ပန်းခင်းလမ်းလျှောက်နေကြတာ..
စိတ်ယုတ် စိတ်ပုပ် များနဲ့ ကောင်းစားနေကြတာ.
ဒါတွေ..မပြောလိုတော့ဘူး သူ့ကုသိုလ်နဲ့သူမို့
သို့ပေမဲ့..ဘယ်လိုအရာမျိုးကို
ပုံသေတွက်တော့မှာလည်း..
တစ်ခါတစ်ရံတော့ အမှန်တရားဆိုတာကလည်း.
ဟိုး..အနက်ရှိုင်းဆုံး တစ်နေရာမှာ
ကိန်းဝပ်နေတတ်တယ်..
ပြီးခဲ့တဲ့ ရက်တွေကို မခုန်မင်တော့ဘူး
နောင်လာမည့် ရက်တွေကိုသာ ပိုင်စိုးတော့မယ်
အရင်စိတ်ဓါတ် ၊ အရင်လူ ၊ အရင်အသက်ကိုပဲ
အကောင်းဆုံး အတွေ့အကြုံတွေနဲ့
ပြန်လည်မွမ်းမံမယ်..
ကဲ.... ဖယ်ကြ ... ဖယ်ကြ
လောကဓံရဲ့ ရိုက်ချက်ကို

အနိုင်နဲ့ ပိုင်းပြမယ်.....

6 15comments:

မမုန်း said...

ဒေါသကြီးလှချည်းလား.. ဘာတွေ ဖြစ်နေတာလဲ..
ိစိတ်အေးအေးထားမှပေါ့... အနိုင်နဲ့ပိုင်းနိုင်ပေမဲ့.. စိတ်ချမ်းသာနိုင်မလား ဆိုတာ စဉ်းစားဦး...

အိမ် said...

ဘယ်လိုဖြစ်တာလဲ ဆရာရဲ့ေါးသတွေ သင့်နေတယ် လျော့ဗျို့လျော့

poemflower said...

တစ်ခါတစ်ရံတော့ အမှန်တရားဆိုတာကလည်း.
ဟိုး..အနက်ရှိုင်းဆုံး တစ်နေရာမှာ
ကိန်းဝပ်နေတတ်တယ်..
မှန်လိုက်တယ် ကိုတုတ်ကြီးရယ်.

မီးတောက် said...

ပြီးခဲ့တဲ့ ရက်တွေကို မခုန်မင်တော့ဘူး
နောင်လာမည့် ရက်တွေကိုသာ ပိုင်စိုးတော့မယ်
အရင်စိတ်ဓါတ် ၊ အရင်လူ ၊ အရင်အသက်ကိုပဲ
အကောင်းဆုံး အတွေ့အကြုံတွေနဲ့
ပြန်လည်မွမ်းမံမယ်..
ကဲ.... ဖယ်ကြ ... ဖယ်ကြ
လောကဓံရဲ့ ရိုက်ချက်ကို ...
ကောင်းလိုက်တဲ့စာသားလေး လေးစားပါတယ် ကိုတုတ်
ဆက်လက်ရေးသားနိုင်ပါစေ

အရုပ်ကလေး said...

စကားလုံးလေးတွေ ကြိုက်တယ် ..
ဆက်လက် အားပေးနေမယ် ..

မိုးသောက် said...

ကဗျာကောင်းလေး တစ်ပုဒ်ပါ ...
အကြောင်းတရား ရှိခဲ့လို့ အကျိုးဖြစ်ထွန်းတယ်ဆိုတာတော့ ငြင်းလို့ မရပါဘူး ..
ဆက်လက်ရေးသားပါဦးဗျို့ .. အားပေးပါတယ် ..