လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Monday, January 26, 2009

တူယှဉ်တွဲ..(သို့)စွယ်တော်ပန်းခူး

ရွှေလည်တိုင်တစ်မော့မော့နဲ့ နွေးထွေးဆွတ်ပျံ့ဖွယ်
ပုခုံးစွန်းလေးပေါ် မေးတင်နေသော ညနေ
ကမ္ဘာ အင်္သချေ ပြည့်စုံစေ....။
ပါးကွက်အ၀ါလေးနဲ့ ၀င်းမွှတ်သော အနမ်းလွင်ပြင်
အဖျားခတ်တို့ထိကစားသွားတဲ့ လေညှင်း
စင်္ကြာဝဠာ ထိတိုင် ဖြန့်ကျက်စေ....။
ပင့်သက်ရှိုက်ပုံ အစ
အလိုမကျ မျက်စောင်းခဲပုံအဆုံး
သူ့အရိပ်အယောင် အားလုံးဟာ
ကဗျာတစ်ပုဒ်အဖြစ်ထင်ကျန်စေခဲ့ရာ...။
အရွက်ကလေးတွေ ဝေနေပုံကအစ
တစ်ယောက်နှလုံးအိမ် ထဲ တစ်ယောက်အရိပ်ထင်
ချစ်သူနှစ်ဦးရဲ့ တစ်သွင်သွင်စီဆင်းနေသော
သမုဒယပွင့်များ ထင်ဟပ်စေခဲ့ရာ...။
ကြဲဖြန့်သီကုံးစေ..
လှပနေမြဲ..နှစ်ကိုယ့်တစ်စိတ် ကမ္ဘာငယ်လေး.......။

1 15comments:

မီးတောက် said...

ကဗျာ လေးက ကောင်းတယ်နော် ..
ကိုတုတ် စွယ်တော်လေးလို ဖြစ်ချင်နေပြီပေါ့
ဆက်လက်ရေးသားနိုင်ပါစေ