လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Friday, April 29, 2016

အသံမဲ့ စကားများ


သတိရခြင်းတွေ အဆမတန်ဖိတ်လျှံလာတာကို
အလွမ်းလို့ တင်စားခေါ်ဝေါ်ကြတယ်..
အလွမ်းတွေ အဆ တိုးပွားလာတာနဲ့အမျှ
အချစ်တွေ တရပ်စပ်ဖြစ်ပေါ်ကြတယ်..
အလွမ်းအဆွေးတွေကြား
ချစ်သူအကြောင်းတွေးရင်း
စကားလုံးထိချက်တွေ အုပ်မိုး
စာမျက်နှာတွေလည်း အသက်ဝင်
သူ့မျက်နှာ မြင်ယောင်ရင်း
ရေရွတ်တဲ့ စကားလုံးက
အရမ်းချစ်နေတယ်......

Wednesday, November 16, 2011

ကြည်ပြာရောင် ဆန္ဒ


ကျွန်တော် သူ့ကိုချစ်သည်
"ချစ်သည်"ဟူသောစကားထက်
ပိုမိုကောင်းမွန်မြင့်မြတ်သော စကားလုံးအား
ဆိုနိုင်ဖွယ်ရာမရှိ ။

သူ့အားမသိစေသလို
သူ့နှလုံးသားမှလည်း
အရိပ်အရောင်ပင်
မမြင်စေရ ။

ကျွန်ုပ်ဧ။် မြတ်နိုးမှုဝဲဂယက်များအောက်၌
အရာရာပြီးမြောက်စေရမည်
ကျွန်တော်သူ့ကိုချစ်သည်

သူ၏ ပါးပါးမှ ခြောက်ကပ်လာသော
သနပ်ခါးများ ကွာကျမှာစိုးရိမ်သည် ။

သူ၏ အထူအပါးကင်းသော မျက်နှာထား
တစ်ပါးသူခြယ်လှယ်မှာကြောက်သည် ။

စိုးရိမ်သည်..
ထို့နောက် ကြောက်သည်..
"အပျိုကြီး"သာဖြစ်စေချင်တော့သည် ။

Tuesday, December 21, 2010

ကျန်ရစ်ခဲ့သောအမှိုက်


ချစ်သူက

လမင်းကျွန်းကလေးဆိုရင်ပေါ့..

ကောင်းကင်ပင်လယ်ထဲမှာ စီးမျှောနေရှာတဲ့

ဥက္ကာမှုန်လေးတစ်စဟာ ကျွန်တော်ပါ..

ဆုံဆည်းဖို့ရာမလွယ်ပါဘူး.

ဆုံဆည်းလိုက်တယ်...

ရဲခနဲ မီးလောင်ပြာကျသွားရမှာ ကျွန်တော်ပါ..

အဲဒါတောင် ဒီကောင်ကဆုံချင်နေတာလေ.

ရနိုင်မယ်ဆိုရင်လေ..မျက်နှာကိုလက်ဖ၀ါးနဲ့အုပ်ပြီး...

လက်ချောင်းလေးတွေကြားကပဲ......ကြည့်နေချင်တယ်.

ဘ၀ကိုခဏခဏထုတ်ပြနေရတာမောလို့..

ကမ်းကိုခွာသွားတဲ့ ....လှေကလေး.

အဝေးဆုံးရောက်အောင်သွားနိုင်ပါစေ....

ကျွန်တော်ကတော့..

မျှော်လင့်ချက်တွေတွယ်ဖက်လို့

ဒီကမ်းစပ်ကပဲ......ရပ်ကြည့်ကျန်ခဲ့တယ်..

Tuesday, May 11, 2010

အရည်ထူ အချစ်

ဆုံမှတ်မှာ ပုံပျက်သွားတဲ့
အပိုင်းအစတွေ မီးခွက်ထွန်း
ရှာနေတုန်း..
မနေ့ကတွေးထင်ခဲ့သမျှ
တက်တက်စင်အောင်လွဲခဲ့ပြီးပြီ...
အဆင်ပြေမှုဆိုတာ
ထောင်ချောက်ဆင်ဖမ်းကာမှ
အစအနတောင်ပျောက်သွားပြီ...
သတင်းပလင်းကလည်း
လေထဲမှာမသေဘူး
နားအုံနဲ့ နပန်းလုံးပြီးမှ
အားရကျေနပ်သွားတာကိုး...
အလစ်မှာ ခေါက်ခေါက်ခံရလို့
ဦးခေါင်းက အရည်ထူပြီးသား
"မီးမီး" ခေါင်းတော့ မသိဘူး
မာတဲ့ခေါင်းနဲ့ ဆက်လက်ချစ်မိုးဆွေနေတုန်း...
တုပ်ကွေးမိသူပြောသွားတာက-
"ဝေးဝေးမှာနေပါရှင်....."

Thursday, January 7, 2010

ဒီဇင်ဘာလုံးချင်း


ဆောင်းအငွေ့အသက်ကို

တိုးတိုးကလေးပုံဖော်ရင်း

ရှေ့ပြေးနိမိတ်တွေဆာလောင်ခဲ့ဖူးတယ်

နှင်းစိုတဲ့ ရွက်ခြေက်တွေကြား

ချစ်သူကိုလိုက်ဖမ်းရတာ

အိမ်မက်တွေထဲပန်းတိုင်ပျောက်ခြင်းပေါ့

ရုတ်တရက်ကြားနာမိရင်တောင်

ဝေးဝေးကလှမ်းကြည့်ရုံပဲ

ဆုံမှတ်ကိုခွာလိုက်ရင်နဲ့

ခလုတ်တိုက်မှသတိဝင်ခဲ့တယ်

အလှဆုံးပွင့်ပြီးသွားရင်တော့

ကြွေသွားရမှာပါပဲ

ညတာရှည်တိုင်း

အိမ်မက်ကောင်းမဟုတ်ဘူးပေါ့..

စိတ်ကူးယဉ်တောင်ထိပ်မှာတော့

ဒူးနန့်ပြီးမနေချင်တော့ဘူး

စာမျက်နှာကိုခေါက်

ပိပိရိရိပိတ်

ခြေလှမ်းဖွဖွနင်း

အနိမ့်ဆုံးနေရာက

ခုန်ချခဲ့ပြီဆိုတာ..

Html Free Code