
"ချစ်သည်"ဟူသောစကားထက်
ပိုမိုကောင်းမွန်မြင့်မြတ်သော စကားလုံးအား
ဆိုနိုင်ဖွယ်ရာမရှိ ။
သူ့အားမသိစေသလို
သူ့နှလုံးသားမှလည်း
အရိပ်အရောင်ပင်
မမြင်စေရ ။
ကျွန်ုပ်ဧ။် မြတ်နိုးမှုဝဲဂယက်များအောက်၌
အရာရာပြီးမြောက်စေရမည်
ကျွန်တော်သူ့ကိုချစ်သည် ။
သူ၏ ပါးပါးမှ ခြောက်ကပ်လာသော
သနပ်ခါးများ ကွာကျမှာစိုးရိမ်သည် ။
သူ၏ အထူအပါးကင်းသော မျက်နှာထား
တစ်ပါးသူခြယ်လှယ်မှာကြောက်သည် ။
စိုးရိမ်သည်..
ထို့နောက် ကြောက်သည်..
"အပျိုကြီး"သာဖြစ်စေချင်တော့သည် ။
No comments:
Post a Comment