လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Friday, April 29, 2016

အသံမဲ့ စကားများ


သတိရခြင်းတွေ အဆမတန်ဖိတ်လျှံလာတာကို
အလွမ်းလို့ တင်စားခေါ်ဝေါ်ကြတယ်..
အလွမ်းတွေ အဆ တိုးပွားလာတာနဲ့အမျှ
အချစ်တွေ တရပ်စပ်ဖြစ်ပေါ်ကြတယ်..
အလွမ်းအဆွေးတွေကြား
ချစ်သူအကြောင်းတွေးရင်း
စကားလုံးထိချက်တွေ အုပ်မိုး
စာမျက်နှာတွေလည်း အသက်ဝင်
သူ့မျက်နှာ မြင်ယောင်ရင်း
ရေရွတ်တဲ့ စကားလုံးက
အရမ်းချစ်နေတယ်......

No comments:

Html Free Code