လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Thursday, January 7, 2010

ဒီဇင်ဘာလုံးချင်း


ဆောင်းအငွေ့အသက်ကို

တိုးတိုးကလေးပုံဖော်ရင်း

ရှေ့ပြေးနိမိတ်တွေဆာလောင်ခဲ့ဖူးတယ်

နှင်းစိုတဲ့ ရွက်ခြေက်တွေကြား

ချစ်သူကိုလိုက်ဖမ်းရတာ

အိမ်မက်တွေထဲပန်းတိုင်ပျောက်ခြင်းပေါ့

ရုတ်တရက်ကြားနာမိရင်တောင်

ဝေးဝေးကလှမ်းကြည့်ရုံပဲ

ဆုံမှတ်ကိုခွာလိုက်ရင်နဲ့

ခလုတ်တိုက်မှသတိဝင်ခဲ့တယ်

အလှဆုံးပွင့်ပြီးသွားရင်တော့

ကြွေသွားရမှာပါပဲ

ညတာရှည်တိုင်း

အိမ်မက်ကောင်းမဟုတ်ဘူးပေါ့..

စိတ်ကူးယဉ်တောင်ထိပ်မှာတော့

ဒူးနန့်ပြီးမနေချင်တော့ဘူး

စာမျက်နှာကိုခေါက်

ပိပိရိရိပိတ်

ခြေလှမ်းဖွဖွနင်း

အနိမ့်ဆုံးနေရာက

ခုန်ချခဲ့ပြီဆိုတာ..

1 comment:

Unknown said...

အရမ်းကောင်းပါတယ်။ဒါပေမဲ့................
ရှေ့ပြေးနိမိတ်တွေကိုသိခွင့်ရမလား။
ချစ်သူကလဲဆိုးမဲ့ပုံဘဲနော်........
ကြွှေတယ်ဆိုတာကသဘာဝဘဲလေ
အနိမ့်ဆုံးနေရာကခုန်ကျမယ်ဆိုတော့.....သူရဲဘောကြောင်တာပေါ့

ဟိ......ဟိတကယ်ဖြစ်ခဲ့၇င်အဲလိုမလုပ်နဲ့လေ

Html Free Code