
ချစ်သူက
လမင်းကျွန်းကလေးဆိုရင်ပေါ့..
ကောင်းကင်ပင်လယ်ထဲမှာ စီးမျှောနေရှာတဲ့
ဥက္ကာမှုန်လေးတစ်စဟာ ကျွန်တော်ပါ..
ဆုံဆည်းဖို့ရာမလွယ်ပါဘူး.
ဆုံဆည်းလိုက်တယ်...
ရဲခနဲ မီးလောင်ပြာကျသွားရမှာ ကျွန်တော်ပါ..
အဲဒါတောင် ဒီကောင်ကဆုံချင်နေတာလေ.
ရနိုင်မယ်ဆိုရင်လေ..မျက်နှာကိုလက်ဖ၀ါးနဲ့အုပ်ပြီး...
လက်ချောင်းလေးတွေကြားကပဲ......ကြည့်နေချင်တယ်.
ဘ၀ကိုခဏခဏထုတ်ပြနေရတာမောလို့..
ကမ်းကိုခွာသွားတဲ့ ....လှေကလေး.
အဝေးဆုံးရောက်အောင်သွားနိုင်ပါစေ....
ကျွန်တော်ကတော့..
မျှော်လင့်ချက်တွေတွယ်ဖက်လို့
ဒီကမ်းစပ်ကပဲ......ရပ်ကြည့်ကျန်ခဲ့တယ်..