လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Sunday, November 1, 2009

အိမ်ရှင်နဲ့ဧည့်သည်

အသွေးအသားနဲ့တည်ဆေက်
`မ´ဓာတ်မပျောက်တဲ့အတွေးနဲ့
မဂ္ဂဇင်းကောက်ဖတ်လည်း
ဟန်ဆောင်နေတာသိပါတယ်...

အတိတ်တစ်ချို့ကို ဖုံးကွယ်
လသာရင်မျက်နှာငယ်နဲ့
ခြေရာကိုငုံကြည့်နေလည်း
မျက်ရည်ဝဲတာ သိပါတယ်...

ဥယျာဉ်ငယ်သာယာဖို့
အေးချမ်းစွာ စတေးငါ
ဧည့်ဝတ်မကြေလည်း
ကိစ္စမရှိပါဘူး။ ။

No comments:

Html Free Code