လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Sunday, May 3, 2009

ကိုယ်ချင်းစာပေးဖို့.



မိုးရာသီလေး.

ဖြူစင်လို့ရိုးရှင်း..သံဝေဂတွေဆေးကြောပေးခဲ့တယ်.

နုပျိုလတ်ဆတ်မှုတွေအသက်သွင်းလို့.

ထက်ဝက်ကယ်ပြန်ငယ်အောင်.

ဆောင်ကြဉ်းပေးပုံက.

ဒဏ္ဍာရီတစ်ပုဒ်...ဖြစ်ထွန်းစေခဲ့တယ်..

လျှပ်စစ်အမှုန်လေးတွေပွတ်တိုက်တော့.

ကောင်းကင်ကြီးကရင်ဖွင့်.

နာကြည်းစွာအော်ဟစ်လို့ပေါ့...

သူ့ကိုငဲ့ညှာပါလို့.

ကမ္ဘာလေးကို...ကဗျာရွတ်ပြတယ်...

မိုးကြိုးပစ်ချစ်ရေးဆိုတယ်.

လှည့်ကြည့်ဖို့ဝေး ကမ္ဘာလေးကတော့...

နေမင်းနောက်လိုက်ပြေး ..

လမင်းတောင်ဖွားမြင်လိုက်သေးတယ်

ကဲ...ကောင်းကင်ကြီး

ကြေကွဲမှုအလုံးစုံ..

"မိုး"အဖြစ်ဖန်တီးပါလေ..

နှလုံးသားမရှိတဲ့ လူတစ်ချို့ကတော့.

မိုးကာတွေဆောင်း..ထီးတွေဝတ်လို့ပေါ့

2 comments:

Anonymous said...

ဖတ်ရူခံစားသွားပါတယ်ဗျို့

မီးတောက် said...

ကိုတုတ် မတွေ့တာတောင်ကြာပီနော်
အသည်းနှလုံးမရှိသူတွေက မိုးကာတွေဝတ် ထီးတွေဆောင်း အဲဒီ စာသားလေးကိုတော့ ကြိုက်သွားပြီ
ခင်ဗျာ

Html Free Code