အချစ်ကြောင့်ရယူခြင်း
ဟန်ဆောင်ယဉ်ကျေးလျက်
မူမပျက်ပဲဖြားယောင်း
ဥုံ..ဖွက် ဟဲ့ အသက်သွင်း
၀၀လင်လင်စားသုံးသူ...။
အမုန်းကြောင့်ရယူခြင်း
ပေးသလောက်ပြန်မရ
ဗျာများလို့ရင်ထုမှိုင်
ကိုင်ဆောင်မှုတွေဖန်တီး
လောဘကြီးလိုက်သူ....။
ပေးဆပ်မှုသာ ထည်ဝါခြင်း
အချစ်ဟုနက်ရှိုင်းလေးနက်မယ်..
'ဟန်သီ' ဘာကိုရွေးမလဲ
အမုန်းကြောင့် ရယူတာက
ပိုခမ်းနားလိမ့်မယ်.......။
ဘ၀ကတောခြောက်လို့
ကျီးလန့်စာစား
သက္ခာပုသ်တော်.ဆွဲခေါ်နေရတယ်
အမှားတွေတစ်ဖျောဖျောရွာချရင်
နောင်တတွေ လည်ပင်းမြုတ်မှာ
မြင်ယောင်သေး...
တစ်ယောက်မမြဲ တစ်ယောက်တွဲလို့
အသည်းက ရွဲပလဲနေပြီ..
နေ၀င်ချိန်ကိုပါဆယ်ထုပ်
သေဖို့ကလည်းနီးလာပြီ....
ဒီမှတ်တိုင်ရောက်မှ ဆင်းရမယ်ဆို
အရှုံးတွေနဲ့ကျပ်ညှပ်
အိမ်မက်တွေနေရာမရလည်း
ခိုထားအုံးမယ်ကွယ်......။
အသွေးအသားနဲ့တည်ဆေက်
`မ´ဓာတ်မပျောက်တဲ့အတွေးနဲ့
မဂ္ဂဇင်းကောက်ဖတ်လည်း
ဟန်ဆောင်နေတာသိပါတယ်...
အတိတ်တစ်ချို့ကို ဖုံးကွယ်
လသာရင်မျက်နှာငယ်နဲ့
ခြေရာကိုငုံကြည့်နေလည်း
မျက်ရည်ဝဲတာ သိပါတယ်...
ဥယျာဉ်ငယ်သာယာဖို့
အေးချမ်းစွာ စတေးငါ
ဧည့်ဝတ်မကြေလည်း
ကိစ္စမရှိပါဘူး။ ။
နေလိုအပူတစ်ပြင်းဝင်ရောက်
လလိုအေးဆေး ထွက်မသွားဘူး
တိမ်းမကွယ်ရင်တော့
ထပ်တူကျ မပေါ့
လက်ထဲမှာ သုည ပဲ
သုညနဲ့ ဘ၀တူ
လူမရီပါဘူး
လမ်းတွေခင်းပေးပြီးသား
ကိန်းဂဏန်းနဲ့ သူတို့
အခွန်ဆောင်ဖို့ဝေး
မိုးကြိုးတောင်ပစ်သွားသေး
တံတားတွေရိုက်ချိုးပစ်မယ်ကွ...။
အို..သစ်ငုတ်တို
အမြစ်ပုပ်လို့ ပူဆွေး
သေဆုံးခဲ့ပြီပေါ့
ထာဝရ...
အို..ခရီးသည်
ဆောင့်ကြီးအောင့်ကြီး လျှောက်သွား
ခလုတ်တိုက်ပြီပေါ့
သင်္ခါရ...
သေဆုံးပြီးငါ
ယိုင်နဲ့တာ အေးဆေးပေါ့
အနာတရ ဖြစ်ခဲ့ရင်
ဆေးဘက်ဝင်မှာမဟုတ်ဘူး
သင်လိုရာ ဆက်သွား လေ...။