လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Thursday, October 8, 2009

ခရီးသည်

အို..သစ်ငုတ်တို
အမြစ်ပုပ်လို့ ပူဆွေး
သေဆုံးခဲ့ပြီပေါ့
ထာဝရ...
အို..ခရီးသည်
ဆောင့်ကြီးအောင့်ကြီး လျှောက်သွား
ခလုတ်တိုက်ပြီပေါ့
သင်္ခါရ...
သေဆုံးပြီးငါ
ယိုင်နဲ့တာ အေးဆေးပေါ့
အနာတရ ဖြစ်ခဲ့ရင်
ဆေးဘက်ဝင်မှာမဟုတ်ဘူး
သင်လိုရာ ဆက်သွား လေ...။

Sunday, May 3, 2009

ကိုယ်ချင်းစာပေးဖို့.



မိုးရာသီလေး.

ဖြူစင်လို့ရိုးရှင်း..သံဝေဂတွေဆေးကြောပေးခဲ့တယ်.

နုပျိုလတ်ဆတ်မှုတွေအသက်သွင်းလို့.

ထက်ဝက်ကယ်ပြန်ငယ်အောင်.

ဆောင်ကြဉ်းပေးပုံက.

ဒဏ္ဍာရီတစ်ပုဒ်...ဖြစ်ထွန်းစေခဲ့တယ်..

လျှပ်စစ်အမှုန်လေးတွေပွတ်တိုက်တော့.

ကောင်းကင်ကြီးကရင်ဖွင့်.

နာကြည်းစွာအော်ဟစ်လို့ပေါ့...

သူ့ကိုငဲ့ညှာပါလို့.

ကမ္ဘာလေးကို...ကဗျာရွတ်ပြတယ်...

မိုးကြိုးပစ်ချစ်ရေးဆိုတယ်.

လှည့်ကြည့်ဖို့ဝေး ကမ္ဘာလေးကတော့...

နေမင်းနောက်လိုက်ပြေး ..

လမင်းတောင်ဖွားမြင်လိုက်သေးတယ်

ကဲ...ကောင်းကင်ကြီး

ကြေကွဲမှုအလုံးစုံ..

"မိုး"အဖြစ်ဖန်တီးပါလေ..

နှလုံးသားမရှိတဲ့ လူတစ်ချို့ကတော့.

မိုးကာတွေဆောင်း..ထီးတွေဝတ်လို့ပေါ့

Thursday, April 30, 2009

အောင်မြင်သူနှင့်ရှုံးနိမ်သူ

အောင်မြင်သူနှင့်ရှုံးနိမ်သူ
လူ့လောကတွင်အောင်မြင်သူများနှင့် ရှုံးနိမ်သူများဟူ၍
ရှိ၏။အောင်မြင်သူများနှင့်ရှုံးနိမ်သူတို့၏ ကွာခြားချက်သည် အောက်ပါအတိုင်းဖြစ်သည်။
သင်သည် အောင်မြင်သူဖြစ်ပါသလား။ ရှုံးနိမ်သူ ဖြစ်ပါသလား။ သင့်ကိုယ်သင်ဆန်းစစ်ပါ။

၁။ အောင်မြင်သူ ဟာ စကားကိုအလုပ်နဲ့ သက်သေပြတယ်။
ရှုံးနိမ့်သူက ရှုံးနိမ့်မှုကို ဆင်ခြေ ဆင်လက်နဲ့ကာကွယ်တယ်၊
၂။ အောင်မြင်သူဟာ ဘ၀ကိုတာဝန် ယူပြီး တည်ဆောက်တယ်။
ရှုံးနိမ့်သူက မတည်နိုင်တ ကတိတွေကိုပဲ ပေးနေ တတ်တယ်။
၃။ အောင်နိုင်သူက အပြစ်ပေး ခံရမှာ မကြောက်ပဲ စွန့် စားပြီး ဆုကိုရ အောင်ယူတယ်။
ရှုံးနိမ့်သူဟာ မတရား နည်းလမ်းတွေနဲ့ ပရိယာယ် တွေသုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တယ်။
၎။ အောင်နိုင်သူဟာ လုပ်ဖော် ကိုင်ဖက် တွေအတွက် ကူညီဆောင်ရွက် ပြီး မြင့်မာဲး့အ ဆင့်အတန်း
ရယူတယ်။
ရှုံးနိမ်သူက အဆင့်အ တန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ ကျိုးနည်းဖြစ်ရတယ်။
၅။ အောင်နိုင်သူဟာ အမှားတစ်စုံတစ် ရာလုပ်မိရင် အမှားကို ၀န်ခံတယ်။
ရှုံးနိမ့်သူ ဟာငြီးတွားရင်း သူများကို သူများကိုအပြစ်တင်လိုက်တယ်။
၆။ အောင်နိုင်သူရဲ့ နှုတ်မှာ အမှန်တရားတွေ ပြည့်နေပေမဲ့ ရှုံးနိမ်သူရဲ့ နှုတ်ဖျားမှာတော့
ဆင်ခြေဆင်လက် တွေနဲ့ ပြည့်နေတယ်။
၇။ အောင်နိုင်သူက ဟုတ်တယ်မဟုတ်ဘူး လို့ပဲပြောတယ်။
ရှုံးနိမ့်သူက ဖြစ်ချင်ဖြစ်မယ် လို့ပဲ ပြောတယ်။
၈။ အောင်နိုင်သူဟာ ကလေးငယ်တစ်ဦး ကို တောင်းပန်ဖို့ ၀န်မလေးဘူး။
ရှုံးနိမ်သူကတော့ လူကြီးသူမ ကို အရိုအသေ ပေးဖို့ခက်နေတယ်၊
၉။ အောင်နိုင်သူဟာ ကျတယ်၊ ပြန်ထ တယ်၊ ရှေ့ကို မျက်နှာ မူတယ်။
ရှုံးနိမ့်သူ က နောက်ပြန် လှည့်တော့တာပဲ။
၁၀။ အောင်နိုင်သူအတွက် တစ်နေ့မှာ ၂၅ နာရီရှိတယ်။
ရှုံးနိမ့်သူ အတွက် ၂၃ နာရီပဲ ရှိတယ်။
၁၁။ အောင်နိုင်သူဟာ အလုပ်ကို ကြိုးစားလုပ်တယ်၊ ပြီးတော့မှ အနားယူတယ်။
ရှုံးနိမ့်သူဟာ အလုပ်ကို အလျင်စလို လုပ်တယ်။ ပြီးတော့ အချိန်တွေ ကို ဖြုန်းပစ်တယ်။
၁၂။ အောင်နိုင်သူဟာ အချိန်ကို စီးနင်းမောင်း နှင်သူဖြစ်တယ်။
ရှုံးနိမ့်သူဟာ အချိန်ရဲ့ မောင်းနှင်ခြင်းကို ခံရသူဖြစ်တယ်။
၁၃။ အောင်နိုင်သူဟာ အရှုံးအ တွက်စိုးရိမ်စိတ် မရှိဘူး။
ရှုံးနိမ့်သူက အောင်ပွဲ ကို မယုံရဲသူ ဖြစ်တယ်။
၁၄။ အောင်နိုင်သူဟာ အောင်ပွဲရဖို့အတွက် အလုပ် လုပ်တယ်။
ရှုံးနိမ်သူ ဟာအလုပ် မလုပ်ပဲ အောင်ပွဲ ရချင်တယ်။
၁၅။ အောင်နိုင်သူဟာ တိမ် တွေကို ကျော်ပြီး နေ ကိုမြင်တယ်။
ရှုံးနိမ့်သူက တော့ တိမ်တွေထဲက မိုးသားတွေ ကို ပဲ မြင်တယ်။
၁၆။ အောင်နိုင်သူဟာ လဲကျပြီး ပြန်ထ ရတဲ့ အရသာ ကို နှစ် ခြိုက်တယ်။
ရှုံးနိမ်သူက လဲကျရခြင်း အတွက် ကံဆိုးလေစွ လို့ ငြီးငြူတတ်တယ်။
၁၇။ အောင်နိုင်သူက နှင်းခဲတွေပေါ် မှာ လမ်းလျှောက်တယ်။
ရှုံးနိမ့်သူကတော့ နှင်းခဲတွေ အရည်ပျော်အောင် စောင့်နေတယ်။
၁၈။ အောင်နိုင်သူဟာ စင်မြင့်ပေါ် ရောက်နေတဲ့အခါ ရှုံးနိမ့်သူ ဟာ ပရိသတ်ထဲမှာ
ထိုင်စရာ နေရာ ရှာနေဆဲ ဖြစ်တယ်။
၁၉။ အောင်နိုင်သူဟာ မိမိအမှား ကို ပြင်ဆင်ဖို့သိမ်းထားတယ်။
ရှုံးနိမ့်သူဟာ အောင်မြင်မှု ကို အမိုက်ပုံးထဲ လွတ်ပစ်တတ်တယ်။
၂၀။ အောင်နိုင်သူဟာ လေ လာတဲ့အချိန်မှာ ရွက်တင်တယ်။
ရှုံးနိမ့်သူဟာ လေလာမှ ရွက်ချတတ်တယ်။
၂၁။ အောင်နိုင်သူဟာ ငွေကြေး ရဲ့အရှင်သခင် ဖြစ်ပြီး
ရှုံးနိမ့်သူ ဟာပိုက်ဆံရဲ့ ကျွန်ဖြစ်တယ်။
၂၂။ အောင်နိုင်သူဟာ စိတ်ကူးကို အကောင် အထည်ဖော်ဖို့ သိမ်းထားတယ်။
ရှုံးနိမ့်သူဟာ စိတ်ကူးယဉ်ပြီး လောဘတက်နေတယ်။
၂၃။ အောင်နိုင်သူဟာ နောက်တစ်ကြိမ် ကြိုးစားကြစို့ လို့ဆိုတယ်။
ရှုံးနိမ့်သူဟာ ထူးတော့မှာ မဟုတ်ဘူး လို့ဆိုတယ်။
၂၄။ အောင်နိုင်သူဟာ အပြစ်ရှိပေမဲ့ အပြစ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။
ရှုံးနိမ်သူဟာ အပြစ်မရှိသည့်တိုင် သရဲ ဘောကြောင်နေတယ်။
၂၅။ အောင်နိုင်သူဟာ ချွေးသံထွက်ရ ခြင်းမှ ယုံကြည်မှု ရှိ သလောက်
ရှုံးနိမ့်သူ ဟာ ကံကောင်းမဲ့ အချိန်ကိုစောင့်နေတယ်။
၂၆။ အောင်နိုင်သူဟာ အာရုံကို နိုးထစေပြီး ရှုံးနိမ့််သူကတော့ အာရုံ လာပြီးမှနိုးတယ်။
၂၇။ အောင်နိုင်သူဟာ ရှေ့သို့သွားရင်းတွက်ချက်တယ်။
ရှုံးနိမ့်သူက ဘာမှမလုပ် ခင် တွက်ချက် နေတတ်တယ်။
၂၈။ အောင်နိုင်သူဟာ သူများ ပြောစကား ကို နားထောင်တယ်။
ရှုံးနိမ့်သူက ပြောရမဲ့ အလှည့် ကို စောင့်နေတယ်။
၂၉။ အောင်နိုင်သူဟာ သိမ်မွှေ့ပြီး ရိုးသားတယ်။
ရှုံးနိမ့်သူ ဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတယ်။
၃၀။ အောင်နိုင်သူဟာ လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်။
ရှုံးနိမ့်သူ ကတစ်လမ်း တည်းသွားတယ်။
၃၁။ အောင်နိုင်သူဟာ မိမိထက်သာသူထံ မှ သင်ယူဖို့ စဉ်းစားတယ်။
ရှုံးနိမ့်သူကတော့ ၀န်တိုမှုတွေနဲ့ ပြည့်နေတယ်။
၃၂။ အောင်နိုင်သူဟာ ကိုယ့ထက်နိမ့် ကျသူနဲ့ တွေ့တဲ့အခါမှာ
ဝမ်းမြေက်ဝမ်းသာနဲ့ ပေါင်း သင်းတယ်။
ရှုံးနိမ့်သူကတော့ မိမိထက်နိမ့်ကျ သူကို အနိုင်ကျင့်စေ ခိုင်းတတ်တယ်။
၃၃။ အောင်နိုင်သူဟာ အကောင်းဆုံးဆောင်ရွက်ဖို့အတွက်
အလုပ်ကိုလုပ်တယ်။
ရှုံးနိမ်သူကပထမ ဆု ရဖို့ အတွက်ပဲ အလုပ်လုပ်တယ်။
၃၄။ အောင်နိုင်သူဟာ နောက်ဆုံးမှ ပန်းဝင်ခဲ့ရင်တောင် တစ်စုံ တစ်ခုပြီးမြောက်မှုကိုခံစားရတယ်။
ရှုံးနိမ့်သူဟာ ပထမဆုံး ပန်းဝင်မှ သူ့အတွက် အဓိပါယ် ရှိတယ်လို့ထင်တယ်။
၃၅။ အောင်နိုင်သူဟာ ပြေးနေရင်ပျော်နေသလောက်
ရှုံးနိမ့်သူ ဟာ ပျော်မယ်မပျော်ဘူး ဆိုတာ ပြေးပြီးမှ သိတယ်။

ချစ်စံဝင်း (သင့်ဝင်ငွေမှ ဆယ်ရာခိုင်နှုန်းစုပါ) စာအုပ်မှကောက်နုတ်ပါသည်။
ဆင်ခြင်တုံ တရားရှိသော အောင်နိုင်သူ များဖြစ် စေလို ခြင်းဖြင့် ဖော်ပြခြင်းပါ။

Thursday, February 5, 2009

လတစ်စင်းကိုတုတ်နဲ့ထိုး..


နေဟာအ၀င်အထွက် အထာကို.

နေ့တိုင်းလုပ်ဆောင်ပြနိုင်ပေမဲ့.

ကြူကျူနေတဲ့ လ ကျတော့

လပြည့်လကွယ်နဲ့ မာယာများနေပြန်ရော..

ဒီလိုပဲပေါ့

နေမင်းနဲ့တူတဲ့ တုတ်ကြီးက

မလိမ္မာ မိုက်မဲစွာ ချစ်ပြခဲ့ပေမဲ့

လ တစ်စင်းလို လှည့်စားသူက

အကြင်နာတုတွေဖန်တီး

ထပ်ဆင့် အကြင်နာတွေဖြန့်ဝေလို့

ကွယ်ပျောက်သွားပြန်ရော..

တစ်ခြမ်းပဲ့ ယဲ့ယဲ့လေးသာ

တုတ်ကြီးအတွက်ကျန်ခဲ့တယ်

မာယာများပုံကိုပြောပါတယ်

အကြိမ်ကြိမ် စဉ်းစားရင်...

လပြည့်ညတွေမှာ မော်ကာကြည့်လို့

ေ၀၀ါးစွာသတိရနေမိတယ်.

တစ် နှစ် သုံး လေး ငါး

သူကလေးဆင်းလာမလားလို့

သွားထိုးတံလေးနဲ့ လှမ်းလှမ်းထိုးပေမဲ့..

Monday, January 26, 2009

တစ်ချိန်က..မ

မ..
တစ်မိုးသစ်လို့တစ်ဆောင်းရောက်ခဲ့
တစ်ဆောင်းနှောင်းပြီး တစ်နွေသစ်ခဲ့ပြန်ပြီ
ရာသီတွေဘယ်လိုပြောင်းပြောင်း
အချိန်တွေဘယ်လိုဟောင်းဟောင်း
တမ်းတရဆဲပါ..

ကံကြမ္မာဇာတ်ဆရာအလိုကျမို့
လောကဇာတ်ခုံမှာ သောကအဖုံဖုံနဲ့
အပူရုပ်ကို ဟန်လုပ်ကခဲ့ရတာ
မ..နားလည်းခွင့်လွတ်ပါစေ.

သစ်ပင်ပန်းမန်တို့ရဲ့ အစိုပြေဆုံးအချိန်ဟာ
မိုးရာသီဖြစ်ခဲ့သလို
ကျွန်တော်တို့နှစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ
ဝသာန်ရာသီ ဖြစ်ခဲ့တယ်လေ..
ကျွန်တော်ကြိုက်တဲ့ ရာသီဟာ ဆောင်းရာသီပါ
(ဒါပေမဲ့) ဆောင်းမှာ နှင်းစိုတဲ့ ရွက်ခြောက်တွေ
မြေခခဲ့ရတယ်လေ..
မြောက်ပြန်လေတွေနဲ့အတူ
ကျွန်တော်စိတ်တွေပြန့်လွင့်ခဲ့တာပေါ့

မရေရာတဲ့ ဘ၀လမ်းကြောင်းမှာ
ယုံကြည်မှု့တွေနဲ့အတူ လျှောက်လှမ်းခဲ့ပေမဲ့
ထင်တိုင်းတိုးလို့မပေါက်ခဲ့ပါဘူး
အခြေအနေနဲ့ အချိန်အခါတွေဟာ
စည်းချက်မညီတဲ့နှလုံးသားကို
ကျိန်စာသင့်စေခဲ့ပါတယ်
ဘ၀တွေမှာ လျှောက်လှမ်းဖို့ လမ်းဖွင့်ပေးပါ
အောင်မြင်မှုတွေအတွက် အချိန်ပေးပါ
လေလွှင့်နေ့ရက်တွေအတွက် အလုပ်တစ်ခုပေးပါ
(ဒါပေမဲ့) ဖျားနာနေတဲ့
နှလုံးသားဟာ ယိုင်နဲ့နဲ့တိမ်တိုက်လို
ခိုကိုးရာမဲ့စွာ...ဆွေး

မ.......
လက်ခုပ်ဟာ တစ်ဖက်တီးလို့မမြည်ပါဘူး
မြေနိမ့်ရာလှံစိုက်တာ လူတွေရဲ့သဘာဝပါ
လောကဓံကို အန်တုဖို့ ခေါင်းမော့ခဲ့ပေမဲ့
ကျွန်တော့်နောက်မှာ ဘယ်သူမှ မရှိခဲ့ပါဘူး..
အချိန်တိုင်းနာရီတိုင်းဟာ
မ..ပဲလို့ကြွေးကြော်ခဲ့ပေမဲ့
နီးခြင်းဝေးခြင်းဟာ နယ်နိမိတ်တစ်ခုလား..
ကျွန်တော့်အတွက် အချစ်ဆိုတာ
ခပ်ခက်ခက် သင်္ချာ ပု စ္ဆာတစ်ပုဒ်လို
အဖြေဟာ စိတ်ကိုနောက်ကျိစေခဲ့ပါတယ်

ကုန်ဆုံးခဲ့ရတဲ့ အချိန်ကို ရပ်ကြည့်နေတုန်း
ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်
ကျော်လွန်ခဲ့တာပေါ့
အချစ်ဆိုတာ ပေးဆပ်ခြင်းလို့
ရူးမိုက်စွာ လက်ခံခဲ့ရတယ်..

မ...
အသိခက်စွာနဲ့စွဲလန်းရဆဲပါ
ဘ၀ဟာ အချစ်အတွက်မဟုတ်ခဲ့လေတော့
အချစ်ဟာ ဘ၀အတွက်မဟုတ်ခဲ့ဘူးပေါ့

နွေးထွေးစ နေခြည်အောက်မှာ
ပေါင်မုန့်ထောပတ်သုတ်နဲ့ ကော်ဖီတစ်ခွက်ကို
အနောက်တိုင်း စတိုင်လ်
ဟန်ပါပါမစားနိုင်ပါဘူး

ကောင်းကင်ပြာကြီးရဲ့ အောက်မှာ
ကိန်းဂဏန်းကြီးကြီး ဆိုင်ကြီးတွေဆီလည်း
မာန်ပါပါ မသွားနိုင်ပါဘူး

လောကအလယ်ဥစ္စာမကြွယ်ခဲ့သဖြင့်
ဟိုသွားဒီလာ ဘာစီးတော်မှလည်း
မပိုင်ဆိုင်ခဲ့ပါဘူး

မ....
ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ
အဖြေထုတ်စရာလိုသေးလား
အခြေအနေတွေဟာ အဖြေတွေပဲလေ
ပြဇာတ်မဟုတ်တဲ့ ပြယုဂ်တစ်ခုမှာ
ဒူးထောက်ခဲ့ရတာ ဘယ်က"တုတ်ကြီး " လဲကွာ
"တမ်းတနေဆဲ " ဆိုတဲ့ဒီပါးစပ်..
အသေချုပ်ပစ်လို့ ရခဲရင်......

(၂၀၀၁-၂၀၀၂) ကျေင်းသားဘ၀မှ ကဗျာစာစု အဟောင်းအနွမ်းလေးကို
ပြန်လည်ခံစားအသက်သွင်း တည်းဖြတ်ချယ်မှုန်းလိုက်သည်။
Html Free Code