လောဘဒေါသအမျက်ဟူကား.ပျင်းရိရိအိပ်နေသလောက်ပင်မကောင်း

Saturday, January 10, 2009

ရည်ရွယ်သူ..သို့


ကြီးကျယ်မြင့်မြတ်ခြင်းလှေကားရင်းမှာထိုင်ပြီး.

ကောင်းကင်ကိုမော့ကြည့်ရမဲ့အရွယ်တွေ

မဟုတ်ကြတော့.....

ရင်ခုန်သံကိုအိပ်စက်ခိုင်းကြိုးစားနေသလား..?

သတ္တိမဲ့ခဲ့မိတဲ့ ငါ့ကိုတော့

စကြာဝဠာ အပြင်ထိ ဆွဲမထုတ်လိုက်ပါနဲ့

ဖြစ်နိုင်ရင်...

နှလုံးသားထဲအထိ..အရောက်လာချင်တယ်..

လွမ်းနေဆဲ

ကြာတော့ကြာပါပြီ

ဒါပေမဲ့ရင်ကိုငြိတွယ်နိုင်ဆဲပါ..

ခံစားချက်ဆိုတာ..မျက်ရည်ကျပြရသလား ချစ်သူ

မျက်လုံးတွေ မှိတ်ထားလျက်ကမျက်ရည်တွေကိုငါမြင်တယ်

ဘယ်သူ့မျက်ရည်ဖြစ်မလဲ မိန်းကလေးရယ်.

နားစည်တွေ ဆို့တစ်ဆွံ့အသွားအောင် ပိတ်ထားလျက်က

ရှိုက်သံတွေကိုငါကြားတယ်.

ဘယ်သူငိုကြွေးနေမလဲ ချစ်သူ.

မိန်းကလေးရယ်

ငါ့တိတ်တစ်ဆိတ်လွမ်းဆွတ်ခြင်းကို မင်းမ၀င်ရောက်သင့်ဘူး.

မင်းကိုချစ်နေဆဲဆိုတာကိုတော့

ရင်ဘတ်အနာခံပြီးမပြောတော့ပါဘူး.

သစ်စိမ်းချိုးခံလိုက်ရတဲ့အခါ.

သစ်ပင်ကြီးကြိတ်မှိတ်နာကျင်ခဲ့ပါသလား.

သစ်ရွက်တွေကြွေတာကိုတော့

သစ်ပင်ကြီးဒီအတိုင်းရပ်ကြည့်နေခဲ့ရတာပါပဲ.

အလွမ်းဆိုတာ.."ချိုသလား..ခါးသလား "

အဘိဓါန်ထဲမှာတောင်..သတ်ပုံတွေမပြည့်စုံလိုက်တာ..

တော်ပြီကွာ...

တိတ်တိတ်ဆိတ်ဆိတ်ပဲ..ပြောတော့မယ်..

" သိပ်လွမ်းတယ်"

တစ်ချိန်က..

ချစ်သူက

လမင်းကျွန်းကလေးဆိုရင်ပေါ့..

ကောင်းကင်ပင်လယ်ထဲမှာ စီးမျှောနေရှာတဲ့

ဥက္ကာမှုန်လေးတစ်စဟာ ကျွန်တော်ပါ..

ဆုံဆည်းဖို့ရာမလွယ်ပါဘူး.

ဆုံဆည်းလိုက်တယ်...

ရဲခနဲ မီးလောင်ပြာကျသွားရမှာ ကျွန်တော်ပါ..

အဲဒါတောင် ဒီကောင်ကဆုံချင်နေတာလေ.

ရနိုင်မယ်ဆိုရင်လေ..မျက်နှာကိုလက်ဖ၀ါးနဲ့အုပ်ပြီး...

လက်ချောင်းလေးတွေကြားကပဲ......ကြည့်နေချင်တယ်.

ဘ၀ကိုခဏခဏထုတ်ပြနေရတာမောလို့..

ကမ်းကိုခွာသွားတဲ့ ....လှေကလေး.

အဝေးဆုံးရောက်အောင်သွားနိုင်ပါစေ....

ကျွန်တော်ကတော့..

မျှော်လင့်ချက်တွေတွယ်ဖက်လို့

ဒီကမ်းစပ်ကပဲ......ရပ်ကြည့်ကျန်ခဲ့တယ်..

Wednesday, December 31, 2008

လုံအောင်ဖုံး


အတိတ်ရဲ့အရိပ်တွေလွှမ်းမိုးလာရင်
ညအလှတွေကအဓိပ္ပာယ်
မရှိတော့ဘူး
ဒီလိုပဲ
ပစ္စုပ္ပန်မှာလည်းမုသားဗန်းကို
ကိုယ်စီကိုယ်ငှ ရွက်နေကြပြီ
ပိုဆိုးဖို့ရာအနာဂတ်အတွက်ကတော့
အသက်ပင်မရှုချင်တော့လောက်အောင်ကို
ပြုစားထားလိုက်မယ်
တစ်ဖြည်းဖြည်းရွက်လွှင့်ရင်း..
ရေစုန်မမျောဖို့တော့
မင်းပါဝင်မှသာရပ်တည်တော့မယ်
အတိတ်မှာမင်းပါဝင်ခဲ့တယ်
ပစ္စုပ္ပန်မှာလည်း မင်းရှိနေတယ်
အနာဂတ်ကိုလည်းအပိုင်ပေးပါ့မယ်
ကဲ..ငယ်ငယ် မင်းအောက်စပေါ်နေတယ်

Tuesday, December 30, 2008

နွေမိုးဆောင်း..


နေခဲ့ပါဆိုတဲ့မင်းစကားနဲ့
နွေရာသီမှာရပ်နေခဲ့ရတာငါပါ..
ဥသြသံချို ပြန်လာနိုးမျိုး
စေရာသွားကျိုးအိမ်မက်မက်ခဲ့ရပြန်တယ်
လမ်းလျှောက်ရင်တောင် ခေါင်းမမော့နိုင်ခဲ့ဘူး
ကိုင်တွယ်ဖြေရှင်းဖို့မရေရာလို့
တိမ်ညိုတွေသာခေါင်းပေါ်ပုံကျပါစေတော့
မိုးစက်တွေကိုခယခဲ့တယ်
နောက်တော့ရှောင်ပုန်းခဲ့တယ်
ထပ်မံမြုတ်နှံ..ဝေရီလမ်းမှာ
ဟေမန်ဦးကပျော်ရွှင်ဖွယ်ဟာ
နှင်းခဲတွေကိုဖယ်ကာကြည့်တော့
ကဲ..မင်းတစ်ယောက်တည်းမဟုတ်တော့ဘူး
လက်ထဲမှာပတ်ထားတဲ့ ရွှေအိုရောင်နာရီလေးတောင်
မိုးကြိုးပစ်ခံရမှာကြောက်နေရတဲ့ဘဝ
ဒါကိုတစ်ချို့ကဆိုသေးရဲ့
မင်းအတော်ရင့်ကျက်သွားပြီတဲ့
အလေ့ကျပေါက်ရောက်မှုအတွက်
နေ့စဉ်မှတ်တမ်းမလိုတော့ဘူး
သက္ခာတွေအဖတ်ဆယ်နိုင်ခဲ့တယ်
တစ်ချို့ကိုဆေးကြော
အားလုံးကိုမျောချခဲ့တယ်
ကဲ..ပြန်ကြစို့......
မိုးလည်းချုပ်ပြီ.....
ဇာတ်လမ်းကပြီးပြီ..
တူနဲ့တဲနယ်ပြောင်....
Html Free Code