
တစ်ယောက်နဲ့တစ်ယောက်.ပေါင်း နှစ်ယောက်
သတင်းပလင်း စုံစိစွာ ဖလှယ်လို့
အလင်းရဲ့ အမြန်နှုန်းနဲ့ အပြန်အလှန်ပို့
ပေါင်းနှစ်ယောက် ပြိုင်ချစ်ကြတာ လည်းရှိစေတော့...
တိုက်ရိုက်မပေးနိုင်တဲ့ ယုယမှုတွေကို
ကြိုးကလေးနဲ့ ပို့လွတ်တော့
ငြူတူတူ မူစူနေတဲ့ မျက်နှာကို
မဖတ်တတ်ခဲ့တာလည်း ရှိစေတော့....
ဖုန်းချသွားတော့မှ..
မပြောဖြစ်ခဲ့တဲ့ စကားလုံး လက်ကျန်တွေကို
နှစ်ကိုယ်ကြား..
ပြောခွင့်မရတာလည်းရှိစေတော့..
အခြေအနေရဲ့ အကျယ်အ၀န်းက
မျက်ဝန်းတွေကို စွတ်စိုစေခဲ့တော့..
စိတ်ကိုနေလှောင်ခံရင်း ရင်ထဲကတွင်းပြိုမှောင်ကျလို့
ကိုက်တိုင်ရေးအလွမ်းကဗျာထဲ
ရင်ကွဲနာကျရသည်လည်းရှိစေတော့..
2008 ခုနှစ် ဒီဇင်ဘာအလွန် "ဧကရီကျော် "ရဲ့
နွံ့ထဲမှာ လွမ်းတစ်ပစ် ချစ်တစ်ပြေးမှသည်
သောင်းချီမိုင်ဝေးလို့ အလွမ်းနာကျနေရတာလည်း
ရှိစေတော့..ရှိစေတော့..























3 15comments:
ရှိစေတော့ ရှိစေတော့ပေါ့ ဆြာတုတ်ရယ် ..အဟီး အဟင့် ငိုချင်လာပြီ :((
ရှိစေတော့ဗျာ ဆိုတော့ နောက်တစ်ယောက်ပေါ့
ဘာခက်တာလိုက်လို့ ၀မ်းဂိုး၊ တူးကမ်းလိမ့်မယ်ဗျို့ ဟိဟိ
ရှိစေဗျာ.. နောက်တစ်ယောက်....
Post a Comment